Sunday, March 25, 2007

အနတ္တလက္ခဏာသုတ်

အနတ္တလက္ခဏာသုတ်

ဗြဟ္မာ နတ် လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သော သီလ ဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်၊ ၀ိမုတ္တိညဏ ဒဿနဂုဏ်တို့နှင့် ပြည့်စုံတော် မူထပေသော သစ္စာ ဥေယျ ဓမ္မအပုံ အလုံးစုံကို အကုန်မကျန် မြတ်ရွှေညဏ်ဖြင့် အမှန် ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူထပေသော ဣဿရိယ ဓမ္မယသ သီရိကာမပ ယတ္တ တည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပေထသော မြတ်စွာဘုရားအား ဘုရားတပည့်တော်တို့၏ ရှိခိုး ခြင်းသည် ဖြစ်ပါစေသတည်းဘုရား။

Anattalakkhana-sutta

Homage to the exalted,

the worthy, the fully

enlightened, the Buddha supreme.

1

(၁)
ဧကံ သမယံ ဘဂ၀ါ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ
တတြခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂိယေ ဘိက္ခူ အာမန္တေသိ "ဘိက္ခဝေါ"တိ
"ဘဒ္ဒန္တေ" တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ
ဘဂ၀ါ ဧတ ဒဝေါစ

(၁)
တစ်ပါးသောအခါ၌ မြတ်စွာဘုရားသည် ဗာရာဏသီနေပြည်တော်ကြီး၏ အနီး(၌) ရှေးခါခေတ်ဟောင်း ရသေ့သူမြတ် အပေါင်းတို့၏ သက်ဆင်းရာဖြစ်သော၊ သားသမင် အပေါင်းတို့ကို ဘေးမဲ့ပေး၍ မွေးရာဖြစ်သော မိဂဒါဝုန်တောကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုသို့ သီတင်းသုံးနေတော်မူသောအခါ၌ မြတ်စွာဘုရားသည် ကောဏ္ဍညအမှူး ငါးဦး အစုအဝေးရှိကုန်သော ရဟန်း တို့ကို "အို ရဟန်းတို့"ဟူ၍ ခေါ်တော်မူ၏။
ထိုပဉ္စ၀ဂ္ဂီရဟန်းတို့သည် "အရှင်မြတ်ဘုရား" ဟူ၍ မြတ်စွာဘုရားအား လျှောက်ထားကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအနတ္တလက္ခဏသုတ်စကားကို မိန့်မြွက် ဟောကြားတော်မူလေသတည်း။

(1)

At one time, The Bhagavā was dwelling in Benares, at the deer park, Isipatana.

There the Bhagavā addressed the group of five Bhikkhus,

“ O! Bhikkhus! ”

And the Bhikkhus answered, “Bhaddante”.1

Then the Bhagava spoke thus:-

1. Bhaddante =ဘဒ္ဒန္တေ အရှင်မြတ်ဘုရား

Sir”, “Reverened Sir”, “Venerable Sir”, A contracted form of Bhaddante is Bhante.



2

(၂)
ရူပံ ဘိက္ခဝေ အနတ္တာ
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘ၀ိဿ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ
လဗ္ဘေထ စ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ရူပေ "ဧ၀ံ မေ ရူပံ ဟောတု ဧ၀ံ မေ ရူပံ မာ အဟောသီ" တိ

(၂)
ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင်တည်း။
ချစ်သားရဟန်းတို့ ရုပ်တရားအပေါင်းသည် ဧကန်စင်စစ်အလိုသို့ လိုက်သော အတ္တ သဘောရှိသည် ဖြစ်ပါမူကား ဤရုပ်တရားသည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ရုပ်တရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ရုပ်တရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ရုပ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ရုပ်သည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း ရုပ်တရား၌ အခွင့်မရနိုင်။

(2)

“Matter, Bhikkhus, is not the self ”.

If matter, Bhikkhus, were the self, then matter would not tend to sickness.

And one could say of matter, “Thus let matter be thus for me, let matter not be thus for me.”

“But, Bhikkhus, in as much as matter is not the self, that is why matter tends to sickness.

And one cannot say of matter, “Thus let matter be thus for me, let matter not be thus for me.”

၁။ ရူပ = ရုပ်၊ သရုပ်သဘော၊ အဆင်း၊ သဏ္ဌာန

Rǔpa - Matter, principle of form, figure, shape, image, object of the eye, appearance.





3

(၃)
ဝေဒနာ အနတ္တာ
ေ၀ဒနာစ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ ေ၀ဒနာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ"တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ဝေဒနာယ "ဧ၀ံ မေ ဝေဒနာ ဟောတု ဧ၀ံ မေ ဝေဒနာ မာ အဟောသီ "တိ

(၃)
ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် အစိုးမရ အလိုသို့ မလိုက်သော အနတ္တ အမှန်ပင်တည်း။
ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည် ဖြစ်ပါမူကား ဤဝေဒနာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် ဝေဒနာတရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ဝေဒနာတရားသည် အလိုသို့ မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ဝေဒနာသည် ဤသို့ဖြစ်ပလေစေ၊ ငါ၏ဝေဒနာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ဆန္ဒအတိုင်း ဝေဒနာတရား၌ အခွင့်မရနိုင်။

(3)

Feeling, Bhikkhus, is not the self.

If feeling, Bhikkhus, were the self, then feeling would not tend to sickness.

And one could say of feeling, “Thus let feeling be thus for me.”

“But, Bhikkhus, in as much as feeling is not the self, that is why feeling tends to sickness.”

And one cannot say of feeling, “Thus let feeling be thus for me, let feeling not be thus for me.”

၁။ ဝေဒနာ = ခံစားခြင်း

Vedanā - Feeling, sensation, pain, suffering





4

(၄)
သညာ အနတ္တာ
သညာ စ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ နယိဒံ သညာ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ သညာယ"ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာမာအဟောသီ"တိ

(၄)
ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် အစိုးမရ အလိုသို့မလိုက်သော အနတ္တအမှန်ပင်တည်း။
ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိသည် ဖြစ်ပါ မူကား ဤသညာသည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဖောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်"
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်ရနိုင်လေရာ၏။

(4)

Perception, Bhikkhus, is not the self.

If perception, Bhikkhus, were the self, then perception would not tend to sickness.

And one could say of perception, “Thus let perception be thus for me, let perception not be thus for me.”

၁။ သညာ = မှတ်ခြင်း၊ အာရုံ၏သဘောကို မှတ်ခြင်း

Saňňā - Perception, mark, recognition

ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ သညာယ " ဧ၀ံ မေ သညာ ဟောတု ဧ၀ံ မေ သညာ မာ အဟောသိ "တိ

ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် သညာတရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် သညာတရားသည် အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏သညာသည် ဤသို့ ဖြစ်ပလေစေ၊ ငါ၏သညာသည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း သညာတရား၌ အခွင့်မရနိုင်။

“But, Bhikkhus, in as much as perception is not the self, that is why perception tends to sickness.”

And one cannot say of perception, “Thus let perception be thus for me, let perception not be thus for me.”






5

(၅)
သင်္ခါရာ အနတ္တာ
သင်္ခါရာ စ ဟိဒံဘိက္ခဝေ အတ္တာအဘ၀ိဿံသု နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ
လဗ္ဘေထ စ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ န စ လဗ္ဘတိ သင်္ခါရေသု "ဧ၀ံ မေ သင်္ခါရာ ဟောန္တု ဧ၀ံ မေ သင်္ခါရာ မာ အဟေသု" န္တိ

(၅)
ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရတရား အပေါင်းတို့သည် အစိုးမရ၊ အလိုသို့ မလိုက်သော အနတ္တအမှန်တို့ ပင်တည်း။
ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရ အပေါင်းတို့သည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တသဘောရှိကုန်သည် ဖြစ်ပါကုန်မူကား ဤသင်္ခါရတို့သည် အလိုသို့ လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်နိုင်ကုန်ရာ။
"ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်ပလေစေကုန်၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း သင်္ခါရတရားတို့၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်လျှင် သင်္ခါရတရားတို့သည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေကုန်၏။ ထို့ကြောင့် သင်္ခါရတရားတို့သည် အလိုသို့မလိုက်ပါဘဲလျက် ကျင်နာခံခက် နှောင့်ယှက် ဘောက်ပြန်ခြင်းငှာ ဖြစ်ကုန်၏။
"ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်ပလေစေကုန်၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်" ဤသို့ မိမိတို့ အလို ဆန္ဒအတိုင်း သင်္ခါရ တရားတို့၌ အခွင့်မရနိုင်။

(5)

Mental formation, Bhikkhus, is not the self.

If mental formation, Bhikkhus, were the self, then mental formation would not tend to sickness.

And one could say of mental formation, “Thus let mental formation be thus for me, let mental formation not be thus for me.”

But, Bhikkhus, in as much as mental formation is not the self, that is why mental formation tends to sickness.

And one cannot say of mental formation, “Thus let mental formation be thus for me, let mental formation not be thus for me.”

၁။ သင်္ခါရ = ပြုပြင်စီရင်တတ်သော အကြောင်းတရား

Sahkhāra - Mental formation, essential condition, mental coefficients.




6

(၆)
ဝိညာဏံ အနတ္တာ
၀ိညာဏဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘိ၀ိႆ နယိဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ်
လဗ္ဘေထ စ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ
ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ တသ္မာ ၀ိညာဏံ အာဗာဓာယ သံဝတ္တတိ
န စ လဗ္ဘတိ ၀ိညာဏေ "ဧ၀ံ မေ ၀ိညာဏံ ဟောတု ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ" တိ

(၆)
ချစ်သားရဟန်းတို့ သိမှုဝိညာဉ်သည် အစိုးမရ အလိုသို့မလိုက်သော အနတ္တ အမှန်ပင် တည်း။
ချစ်သားရဟန်းတို့ သိမှုဝိညာဉ်အပေါင်းသည် ဧကန်စင်စစ် အလိုသို့လိုက်သော အတ္တ သဘောရှိသည် ဖြစ်ပါမူကား ဤ၀ိညာဉ်သည် အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ မဖြစ်လေရာ။
"ငါ၏၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့ မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်တရားအပေါင်း၌ အခွင့်ရနိုင်လေရာ၏။
ချစ်သားရဟန်းတို့ စင်စစ် အကြင်သို့သော အကြောင်းကြောင့်သာလျှင် ၀ိညာဉ်တရားသည် အလိုသို့မလိုက်သော အနတ္တ သဘောရှိချေ၏။ ထို့ကြောင့် ၀ိညာဉ်တရားသည် အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယှက်ဘောက်ပြန်ခြင်းငှာ ဖြစ်၏။
"ငါ၏ ၀ိညာဉ်သည် ဤသို့ဖြစ်ပလေစေ၊ ငါ၏၀ိညာဉ်သည် ဤသို့မဖြစ်စေလင့်" ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း ၀ိညာဉ်၌ အခွင့်မရနိုင်။

(6)

Consciousness, Bhikkhus, is not the self.

If consciousness, Bhikkhus, were the self, then consciousness would not tend to sickness.

And one could say of consciousness, “Thus, let consciousness be thus for me, let consciousness not be thus for me.

“But, Bhikkhus, in as much as consciousness is not the self, that is why consciousness tends to sickness.”

And one cannot say of consciousnesss, “Thus let consciousness be thus for me, let consciousness not be thus for me.”

၁။ ၀ိညာဏ = အထူးသဖြင့်သိခြင်း၊ အာရုံကိုသိခြင်း၊ ၀ိညာဏ်
Viññăha Consciousness



7

(၇)
တံ ကိံ မညထ ဘိက္ခဝေ
ရူပံ နိစ္စံ ၀ါ အနိစ္စံ ၀ါ တိ
အနိစ္စံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါ တိ

ဒုက္ခံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ
ကလ’ံ နု တံ သမနုပဿိတုံ "ဧတံ
မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ" တိ
နော ဟေတံ ဘန္တေ

(၇)
ချစ်သားရဟန်းတို့ ထိုသို့ ငါဘုရားမေးတော်မူသော စကားကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
ရုပ်တရားသည် မြဲသလော၊ မမြဲသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ရုပ်တရားသည် မမြဲပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည် မမြဲ၊ ထိုမမြဲသော ရုပ်တရားသည် ဆင်းရဲသလော၊ ချမ်းသာသလော။

ထိုမမြဲသော ရုပ်တရားသည် ဆင်းရဲရိုး အမှန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည် မမြဲ၊ ဆင်းရဲ၏၊ ဘောက်ပြန်ပြောင်းလဲတတ်သော သဘောရှိ၏။ ထိုမြဲလည်း မမြဲ၊ ဆင်းလည်းဆင်းရဲ၊ ဖောက်လွဲဖောက်ပြန် ဖြစ်နေသော ရုပ်တရားကို "ဤရုပ်တရားကား ငါပိုင်သော ဥစ္စာတည်း။ ဤရုပ်တရားကား ငါဖြစ်၍ နေ၏။ ဤရုပ်တရားကား ငါ၏အလိုသို့ လိုက်သော အတ္တတည်း" ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါမည်လော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား။

(7)

What do you think of this Bhikkhus?

Is matter permanent or impermanent?

Impermanent, Bhante.

And, Bhikkhus, what is impermanent, is that suffering or happiness?

Suffering, Bhante.

Then, Bhikkhus, what is impermanent, suffering, corruptible by nature, is it fitting to regard it thus, “This is mine, this am I, this is the self for me?

Not fitting, Bhante.

8

(၈)
ဝေဒနာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ
အနိစ္စာ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ
ဒုက္ခံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ ကလ’ံ နု တံ သမနုပဿိတုံ "ဧတံ မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ" တိ
နော ဟေတံ ဘန္တေ

(၈)
ချစ်သားရဟန်းတို့ ခံစားမှုဝေဒနာ အပေါင်းသည် မြဲသလော၊ မမြဲသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မမြဲပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ဝေဒနာတရားသည် မမြဲ၊ ထိုမမြဲသော ဝေဒနာတရားသည် ဆင်းရဲသလော၊ ချမ်းသာသလော၊
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဆင်းရဲရိုးအမှန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ဝေဒနာတရားသည် မမြဲ၊ ဆင်းရဲ၏။ ဖောက်ပြန်ပြောင်းလဲ တတ်သော သဘောရှိ၏။ ထို မြဲလည်းမမြဲ၊ ဆင်းရဲလည်းဆင်းရဲ၊ ဖောက်လွဲဖောက်ပြန် ဖြစ်နေသော ဝေဒနာတရားကို "ဤဝေဒနာတရားကား ငါပိုင်သောဥစ္စာတည်း၊ ဤဝေဒနာ တရားကား ငါဖြစ်၍နေ၏၊ ဤဝေဒနာတရားကား ငါ၏အလိုသို့ လိုက်သော အတ္တ တည်း" ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါမည်လော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ မသင့်ပါဘုရား။

(8)

Is feeling, Bhikkhus, permanent or impermanent?

Impermanent, Bhante.

And, Bhikkhus, what is impermanent, is that suffering or happiness?

Suffering, Bhante.

Then, Bhikkhus, what is impermanent, suffering, corruptible by nature, is it fitting to regard it thus, “This is mine, this am I, this is the self for me?”

Not fitting, Bhante.




9

(၉)
သညာ နိစ္စ ၀ါ အနိစ္စာ ၀ါတိ
အနိစ္စာ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ
ဒုက္ခံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ ကလ’ံ နု တံ သမနုပဿိတုံ "ဧတံ မမ ဧသော ဟမသ္မိ ဧသော မေ အတ္တာ" တိ
နော ဟေတံ ဘန္တေ

(၉)
ချစ်သားရဟန်းတို့ မှတ်သားမှု သညာအပေါင်းသည် မြဲသလော၊ မမြဲသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မမြဲပါဘုရား။
ချစ်သားရဟန်းတို့ အကြင်သညာတရားသည် မမြဲ၊ ထိုမမြဲသော သညာတရားသည် ဆင်းရဲသလော၊ ချမ်းသာသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဆင်းရဲရိုးအမှန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်သညာတရားသည် မမြဲ၊ ဆင်းရဲ၏။ ဘောက်ပြန်ပြောင်းလဲ တတ်သော သဘောရှိ၏။ ထို မြဲလည်းမမြဲ၊ ဆင်းရဲလည်းဆင်းရဲ၊ ဘောက်လွဲဘောက်ပြန် ဖြစ်နေသော သညာတရားကို "ဤသညာတရားကား ငါပိုင်သောဥစ္စာတည်း၊ ဤသညာ တရားကား ငါဖြစ်၍ နေ၏၊ ဤသညာတရားကား ငါ၏အလိုသို့လိုက်သော အတ္တ တည်း" ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါမည်လော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ မသင့်ပါဘုရား။

(9)

Is perception, Bhikkhus, permanent or impermanent?

Impermanent, Bhante.

And, Bhikkhus, what is impermanent, is that suffering or happiness?

Suffering, Bhante.

Then, Bhikkhus, what is impermanent, suffering, corruptible by nature, is it fitting to regard it thus, “This is mine, this am I, this is the self for me?”

Not fitting, Bhante.


10

(၁၀)
သင်္ခါရာ နိစ္စာ ၀ါ အနိစ္စာ ၀ါတိ
အနိစ္စာ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ
ဒုက္ခံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ ကလ’ံ နု တံ သမနုပဿိတုံ "ဧတံ မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ" တိ
နော ဟေတံ ဘန္တေ

(၁၀)
ချစ်သားရဟန်းတို့ ပြုပြင်စီရင်မှု သင်္ခါရအပေါင်းတို့သည် မြဲကုန်သလော၊မမြဲကုန်သလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မမြဲကုန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်သင်္ခါရတရားသည် မမြဲ၊ ထိုမမြဲသော သင်္ခါရတရားသည် ဆင်းရဲသလော၊ ချမ်းသာသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဆင်းရဲရိုးအမှန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်သင်္ခါရတရားသည် မမြဲ၊ ဆင်းရဲ၏။ ဘောက်ပြန်ပြောင်းလဲ တတ်သော သဘောရှိ၏။ ထို မြဲလည်း မမြဲ၊ ဆင်းရဲလည်းဆင်းရဲ၊ ဘောက်လွဲဘောက်ပြန်ဖြစ်နေသော သင်္ခါရတရားကို "ဤသင်္ခါရတရားကား ငါပိုင် သောဥစ္စာတည်း၊ ဤသင်္ခါရ တရားကား ငါဖြစ်၍နေ၏၊ ဤသင်္ခါရတရားကား ငါ၏အလိုသို့ လိုက်သော အတ္တတည်း" ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါမည်လော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ မသင့်ပါဘုရား။

(10)

Is mental formation, Bhikkhus, permanent or impermanent?

Impermanent, Bhante.

And, Bhikkhus, what is impermanent, is that suffering or happiness?

Suffering, Bhante.

Then, Bhikkhus, what is impermanent, suffering, corruptible by nature, is it fitting to regard it thus, “This is mine, this am I, this is the self for me?”

Not fitting, Bhante.




11

(၁၁)
ဝိညာဏံ နိစံ္စ ၀ါ အနိစ္စံ ၀ါတိ
အနိစ္စံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါတိ
ဒုက္ခံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ ကလ’ံ နု တံ သမနုပဿိတုံ "ဧတံ မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ" တိ
နော ဟေတံ ဘန္တေ

(၁၁)
ချစ်သားရဟန်းတို့ သိမှု ၀ိညာဉ် အပေါင်းသည် မြဲသလော၊ မမြဲသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မမြဲပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ဝိညာဉ်တရားသည် မမြဲ၊ ထိုမမြဲသော ၀ိညာဉ်တရားသည် ဆင်းရဲသလော၊ ချမ်းသာသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဆင်းရဲရိုးအမှန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ဝိညာဉ်တရားသည် မမြဲ၊ ဆင်းရဲ၏။ ဘောက်ပြန်ပြောင်းလဲတတ်သော သဘောရှိ၏။ ထို မြဲလည်းမမြဲ၊ ဆင်းရဲလည်းဆင်းရဲ၊ ဘောက်လွဲဘောက်ပြန် ဖြစ်နေသော ၀ိညာဉ်တရားကို "ဤ၀ိညာဉ်တရားကား ငါပိုင်သော ဥစ္စာတည်း၊ ဤ ၀ိညာဉ်တရားကား ငါဖြစ်၍နေ၏၊ ဤ ၀ိညာဉ်တရားကား ငါ၏အလိုသို့လိုက်သော အတ္တတည်း" ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါမည်လော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ မသင့်ပါ ဘုရား။

(11)

Is consciousness, Bhikkhus, permanent or impermanent?

Impermanent, Bhante.

And, Bhikkhus, what is impermanent, is that suffering or happiness?

Suffering, Bhante.

Then, Bhikkhus, what is impermanent, suffering, corruptible by nature, is it fitting to regard it thus, “This is mine, this am I, this is the self for me?”

Not fitting, Bhante.

12

(၁၂)
တသ္မာ တိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာ နာဂတ ပစ္စုပ္ပန္နံ
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ
သြဠာရိကံဝါ သုခုမံ ၀ါ
ဟီနံ ၀ါ ပဏီတံ ၀ါ
ယံ ဒူရေ သန္တိကေ ၀ါ
သဗ္ဗံ ရူပံ "နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာ" တိ ဧ၀မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ

(၁၂)
ချစ်သားရဟန်းတို့ ထိုမမြဲမှုသဘော၊ ဆင်းရဲမှုသဘော၊ အလိုမလိုက်မှုသဘောတို့၏ပေါလောကြီး ထင်ရှား၍ နေသော ကြောင့် လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္တံ့ သော အနာဂတ်ကာလ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ဖြစ်သော အကြင် အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ မိမိအတွင်းသန္တာန်၌ဖြစ်သော ရုပ်တရားသည် လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ရုပ်တရားသည်လည်းကောင်း၊ ကြမ်းတမ်းသော ရုပ်တရားသည်လည်းကောင်း၊ သိမ်မွေ့သော ရုပ်တရားသည် လည်းကောင်း၊ ယုတ်ညံ့သော ရုပ်တရားသည် လည်းကောင်း၊ မြင့်မြတ်သော ရုပ်တရားသည် လည်းကောင်း၊ အကြင် အဝေး၌ဖြစ်သော ရုပ်တရားသည် လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော ရုပ်တရားသည် လည်းကောင်း ရုပ်ပေါင်းများစွာထွေ ရှိကြလေ၏။
ခပ်သိမ်းဥဿုံ အလုံးစုံသော ထိုရုပ်ဟူသမျှသည် "ငါပိုင်ဥစ္စာမဟုတ်၊ ထိုရုပ်အပေါင်း သည် ငါဖြစ်၍နေသည်မဟုတ်၊ ထိုရုပ်အပေါင်းသည် ငါ၏အလိုသို့ လိုက်သော အတ္တမဟုတ်" ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထိုခပ်သိမ်းဥဿုံ ရုပ်ဟူသမျှအလုံးစုံကို မဘောက်မပြန် ဟုတ်မှန်သောအတိုင်း ရုပ်ခဲ၊ နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ၀ိပဿနာညဏ် အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(12)

Therefore, Bhikkhus, whatever matter there is, be it past,

future or present,

Inward or outward,

Gross or subtle,

Low or lofty,

Far or near.

Matter of all kinds, should be as regarded as they really are, by right wisdom, “This is not mine, this I am not, this is not the self for me.”

Friday, March 16, 2007

13

(၁၃)
ယာ ကာစိ ဝေဒနာ
အတီတာ နာဂတ ပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ
သြဠာရိကာ ၀ါ သုခုမာ ၀ါ
ဟီနာ ၀ါ ပဏီတာ ၀ါ
ယာ ဒူရေ သန္တိကေ ၀ါ
သဗ္ဗာဝေဒနာ
"နေတံ မမ နေသောဟမသ္မိ
န မေသောအတ္တာ" တိ
ဧ၀မေတံ
ယထာဘူတံ
သမ္မပ္ပညာယ
ဒဋ္ဌဗ္ဗံ


(၁၃)
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္တံ့သောအနာဂတ်ကာလ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံးစုံသော ဝေဒနာတရားသည် လည်းကောင်း၊ မိမိအတွင်းသန္တာန်၌ ဖြစ်သော ဝေဒနာသည် လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော ဝေဒနာသည် လည်းကောင်း၊ ကြမ်းတမ်းသောဝေဒနာသည် လည်းကောင်း၊ သိမ်မွေ့သော ဝေဒနာသည်လည်းကောင်း၊ ယုတ်ညံ့သော ဝေဒနာသည် လည်းကောင်း၊ မြင့်မြတ်သော ဝေဒနာသည် လည်းကောင်း၊ အကြင်အဝေး၌ဖြစ်သော ဝေဒနာသည် လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော ဝေဒနာသည် လည်းကောင်း ဝေဒနာများထွေ ရှိကြလေ၏။
ခပ်သိမ်းဥဿုံ အလုံးစုံသော ထိုဝေဒနာ ဟူသမျှသည် "ငါပိုင်ဥစ္စာမဟုတ်၊ ထိုဝေဒနာ အပေါင်းသည် ငါဖြစ်၍ နေသည်မဟုတ်၊ ထိုဝေဒနာအပေါင်းသည် ငါ၏အလိုသို့ လိုက်သော အတ္တမဟုတ်" ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထို ခပ်သိမ်းဥဿုံ ဝေဒနာ ဟူသမျှ အလုံးစုံကို မဘောက်မပြန် ဟုတ်မှန်သောအတိုင်း ရုပ်ခဲ၊ နာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ၀ိပဿနာÓဏ်အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(13)

Therefore, Bhikkhus, whatever feeling there is, be it past,

future or present,

Inward or outward,

Gross or subtle,

Low or lofty,

Far or near,

Feeling of all kinds,

should be as regarded as they really are,

by right wisdom,

“This is not mine,

this I am not,

this is not the self for me.”

14

(၁၄)
ယာ ကာစိ သညာ
အတီတာ နာဂတ ပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ
သြဠာရိကာ ၀ါ သုခုမာ ၀ါ
ဟီနာ ၀ါ ပဏီတာ ၀ါ
ယာ ဒူရေ သန္တိကေ ၀ါ
သဗ္ဗာသညာ "နေတံ မမ နေသောဟမသ္မိ
န မေသောအတ္တာ" တိ ဧ၀မေတံ
ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ

(၁၄)
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္တံ့သောအနာဂတ်ကာလ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံးစုံသော သညာတရားသည် လည်းကောင်း၊ မိမိ အတွင်းသန္တာန်၌ ဖြစ်သော သညာသည် လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော သညာသည်လည်းကောင်း၊ ကြမ်းတမ်းသော သညာသည်လည်းကောင်း၊ သိမ်မွေ့သော သညာသည်လည်းကောင်း၊ ယုတ်ညံ့သော သညာသည်လည်းကောင်း၊ မြင့်မြတ်သော သညာသည် လည်းကောင်း၊ အကြင်အဝေး၌ဖြစ်သော သညာသည်လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော သညာသည် လည်းကောင်း
သညာများထွေ ရှိကြလေ၏။
ခပ်သိမ်းဥဿုံ အလုံးစုံသော ထိုသညာ ဟူသမျှသည် "ငါပိုင်ဥစ္စာမဟုတ်၊ ထိုသညာအပေါင်းသည် ငါဖြစ်၍ နေသည်မဟုတ်၊ ထိုသညာအပေါင်းသည် အလိုသို့လိုက်သော အတ္တမဟုတ်"ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထို ခပ်သိမ်းဥဿုံ သညာဟူသမျှ အလုံးစုံကို မဘောက်မပြန် ဟုတ်မှန်သောအတိုင်း ရုပ်ခဲ၊ နာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ၀ိပဿနာညဏ်အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(14)

Therefore, Bhikkhus, whatever perception there is, be it past,

future or present,

Inward or outward,

Gross or subtle,

Low or lofty,

Far or near,

Perception of all kinds, should be as regarded as they really are, by right wisdom, “This is not mine, this I am not, this is not the self for me.”


15

(၁၅)
ယေ ကေစိ သင်္ခါရာ
အတီတာ နာဂတ ပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ
သြဠာရိကာ ၀ါ သုခုမာ ၀ါ
ဟီနာ ၀ါ ပဏီတာ ၀ါ
ယေ ဒူရေ သန္တိကေ ၀ါ
သဗ္ဗေသင်္ခါရာ "နေတံ မမ နေသောဟမသ္မိ
န မေသောအတ္တာ" တိ
ဧ၀မေတံ ယထာ ဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ

(၁၅)
ချစ်သားရဟန်းတို့၊ လွန်လေပြီးသော အတိတ်ကာလ၊လာလတ္တံ့သောအနာဂတ်ကာလ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံးစုံသော သင်္ခါရတရားတို့သည် လည်းကောင်း
မိမိအတွင်းသန္တာန်၌ဖြစ်သော သင်္ခါရတို့သည် လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော သင်္ခါရတို့သည်လည်းကောင်း
ကြမ်းတမ်းသော သင်္ခါရတို့သည် လည်းကောင်း၊ သိမ်မွေ့သော သင်္ခါရတို့သည် လည်းကောင်း
ယုတ်ညံ့သော သင်္ခါရတို့သည်လည်းကောင်း၊ မြင့်မြတ်သော သင်္ခါရတို့သည် လည်းကောင်း
အကြင်အဝေး၌ဖြစ်သော သင်္ခါရတို့သည်လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော သင်္ခါရတို့သည် လည်းကောင်း
သင်္ခါရများထွေ ရှိကြလေ၏။
ခပ်သိမ်းဥဿုံ အလုံးစုံသော ထိုသင်္ခါရဟူသမျှသည် "ငါပိုင်ဥစ္စာမဟုတ်၊ ထိုသင်္ခါရ အပေါင်းသည် ငါဖြစ်၍နေသည် မဟုတ်၊ ထိုသင်္ခါရအပေါင်းသည် ငါ၏အလိုသို့လိုက်သော အတ္တမဟုတ်" ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထိုခပ်သိမ်း ဥဿုံ သင်္ခါရဟူသမျှ အလုံးစုံကို မဘောက်မပြန် ဟုတ်မှန်သောအတိုင်း ရုပ်ခဲ၊ နာမ်ခဲ ဖြိုခွဲဖောက်ထွင်း ၀ိပဿနာညဏ် အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(15)

Therefore, Bhikkhus, whatever mental formation there is, be it past, future or present,

Inward or outward,

Gross or subtle,

Low or lofty,

Far or near,

Mental formation of all kinds,

should be as regarded as they really are,

by right wisdom,

“This is not mine, this I am not, this is not the self for me.

16

(၁၆)
ယံ ကိဉ္စိ ၀ိညာဏံ
အတီတာ နာဂတ ပစ္စုပ္ပန္နံ
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ
သြဠာရိကံ ၀ါ သုခုမံ ၀ါ
ဟီနံ ၀ါ ပဏီတံ ၀ါ
ယံ ဒူရေ သန္တိကေ ၀ါ
သဗ္ဗံ ၀ိညာဏံ "နေတံ မမ နေသောဟမသ္မိ န မေသောအတ္တာ"တိ
ဧ၀ံ မေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ

(၁၆)
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္တံ့သောအနာဂတ်ကာလ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံးစုံသော ၀ိညာဉ်တရားသည် လည်းကောင်း
မိမိအတွင်းသန္တာန်၌ဖြစ်သော ၀ိညာဉ်သည်လည်းကောင်း၊ အပသန္တာန်၌ဖြစ်သော ၀ိညာဉ်သည်လည်းကောင်း
ကြမ်းတမ်းသောဝိညာဉ်သည်လည်းကောင်း၊ သိမ်မွေ့သောဝိညာဉ်သည်လည်းကောင်း
ယုတ်ညံ့သော ၀ိညာဉ်သည်လည်းကောင်း၊ မြင့်မြတ်သော ၀ိညာဉ်သည်လည်းကောင်း
အကြင်အဝေး၌ဖြစ်သော ၀ိညာဉ်သည်လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော ၀ိညာဉ် သည် လည်းကောင်း၊
ဝိညာဉ်များထွေ ရှိကြလေ၏။
ခပ်သိမ်းဥဿုံ အလုံးစုံသော ထိုဝိညာဉ် ဟူသမျှသည် "ငါပိုင်ဥစ္စာမဟုတ်၊ ထိုဝိညာဉ်အပေါင်းသည် ငါဖြစ်၍နေသည် မဟုတ်၊ ထိုဝိညာဉ်အပေါင်းသည် ငါ၏ အလိုသို့ လိုက်သော အတ္တမဟုတ်" ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထို ခပ်သိမ်းဥဿုံ ၀ိညာဉ် ဟူသမျှ အလုံးစုံကို မဘောက်မပြန် ဟုတ်မှန်သောအတိုင်း ရုပ်ခဲ၊ နာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ၀ိပဿနာညဏ်အလင်းဖြင့် ရှုဆင်ခြင်အပ်၏။


(16)

Therefore, Bhikkhus, whatever consciousness there is, be it past,

future or present,

Inward or outward,

Gross or subtle,

Low or lofty,

Far or near,

Consciousness of all kinds,

should be as regarded as they really are,

by right wisdom, "This is not mine, this I am not, this is not the self for me."

17

(၁၇)
ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယ သာဝကော
ရူပသ္မိံပိ နိဗ္ဗိန္ဒတိ
ဝေဒနာယပိ နိဗ္ဗိန္ဒတိ
သညာ ယပိ နိဗ္ဗိန္ဒတိ
သင်္ခါရေ သုပိ နိဗ္ဗိန္ဒတိ
ဝိညာဏ သ္မိံပိ နိဗ္ဗိန္ဒတိ
နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ
ဝိရာဂါ (၁) ၀ိမု စ္စတိ
ဝိမုတ္တိသ္မိံ ၀ိမုတ္တမိတိ(၂)
ညဏံ ဟောတိ
ခီဏာ ဇာတိ
ဝုသိတံ ဗြဟ္မစရိယံ
ကဘံ ကရဏီယံ
နာပရံ ဣတတ္တာယာတိ ပဇာနာတိ

(၁၇)

ချစ်သားရဟန်းတို့ ဤသို့ ခန္ဓာငါးပါးတို့၌ မမြဲသော အနိစ္စသဘော၊ ဆင်းရဲသော ဒုက္ခသဘော၊ အစိုးမရသော အနတ္တသဘောကို ဟောခဲ့ပြီးသောအတိုင်း ပိုင်ပိုင်ထင်ထင် ရှုဆင်ခြင်သည်ရှိသော် ရုပ်နာမ်တရားတို့၌ များသော အကြားအမြင်ရှိသော ငါဘုရား၏ တပည့်မြတ်သည် ရုပ်တရားအစု၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်း လေ၏။ ခံစားမှု စံစားမှု ဝေဒနာအစု၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏။ မှတ်မှုသားမှု သညာအစု၌ လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏။ ပြုပြင်မှု သင်္ခါရအစုတို့၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ ပျင်းမုန်းလေ၏။ အာရုံသိမှု ၀ိညာဏအစု၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏။ ခန္ဓာပဉ္စက၌ အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေသည်ရှိသော် မတွယ်မတာ မသာယာဘဲ တဏှာပြတ်ကင်းလေ၏။
မတွယ်မတာ မသာယာဘဲ တဏှာပြတ်ကင်းမှုကြောင့် ကိလေသာ ၀ဋ် (၃) တွင်းမှ လွတ်ကင်း ထွက်မြောက်လေ၏။
ကိလေသာဝဋ်တွင်းမှ လွတ်ကင်းထွက်မြောက်လေသည်ရှိသော် ကျွတ်ပေပြီ လွတ်ပေပြီ ဟူ၍ ဟုတ်တိုင်းအမှန် သိသော ညဏ်သည် ဖြစ်ပေါ်လေ၏။
ဘ၀အသစ် အဖြစ်မစဲ အသစ်အသစ်လဲရမှုသည် အစတုံး၍ ကုန်ဆုံးခဲ့ရလေပြီ။
မြတ်သောအကျင့် ဟူသမျှကို ကျင့်သုံးခြင်းကိစ္စ ပြီးဆုံးခဲ့လေပြီ။
သစ္စာလေးသွယ်၌ ပြုဖွယ်ဟူသမျှ မဂ်ကိစ္စကို ကိစ္စတုံးအောင် လုံးလုံးကြီး ပြုအပ်လေပြီ။
ဤပစ္စုပ္ပန် ခန္ဓာအစဉ်မှ တစ်ပါးသောခန္ဓာအစဉ်သည် ကင်းပြတ်ကုန်ကြွေ မရှိချေ။
ဤသို့ ထွန်းလင်းထိန်တောက် အသိညဏ် ပေါ်ပေါက်လေ၏။

(17)

So seen, Bhikkhus, the well taught Noble Disciple,

is disgusted with matter,

disgusted with feeling,

disgusted with perception,

disgusted with mental formation,

disgusted with consciousness,

so being disgusted,

he is dispassionate.

Through dispassions, he is free.

When he is freed, he knows that it is freedom.

Further he knows that,

birth is ended.

The Holy Life has been lived.

What was to be done has been done.

Nothing further to be done for this Noble Path.


၁။ ရာဂ = ဆိုးရည်၊ တပ်စွန်းခြင်း၊ တပ်မက်မောခြင်း
Raga - Hue, dye, lust, attachment
ဝိရာဂ = ရာဂ၌ မတပ်သည်

Virāga -
Absence of desire or human passion, dispassionateness, Arahantship, often nearly synonymous with Nibbāna.

၂။ ၀ိမုတ္တမှီတိ (မူကွဲ)
၃။ ကိလေသ Kilesa - Impurity, stain, soil, lust, depravity, moral defilement, sin.
The ten Kilesas or evil passions are:- Loba, Dosa, Moha, Māna, Miccha Ditthi, Vicikiccha, Thinah, Uddhaccah, Ahirikah, Annottappah
(Greed, hate, delusion, conceit, wrong view, doubt, sloth, excitement, shamelessness, recklessness of blame.)

Kilesakāma -
Desire, attachment, lust, passion.
ကိလေသ၀ဋ္ဋ = ကိလေသ၀ဋ်

Kilesavattah - The realm of Kilesa (Kilesa being the cause of sinful actions is therefore primarily the cause of rebirth or continued existence.

Thursday, March 15, 2007

18

(၁၈)
ဣဒမဝေါစ ဘဂ၀ါ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုံဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စ၀ဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ(၁) အာသဝေဟိ စိတ္တာနိ ၀ိမုစ္စိံ သူတ


(၁၈)
ဤ အနတ္တလက္ခဏသုတ် စကားတော်ကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အနတ္တညဏ် အမြင်သန်အောင် ဏ်ရောင်အလင်းဖွင့်၍ ကျူးရင့်ဟောကြားတော်မူပေ၏။ ကောဏ္ဍညအမှူး ငါးဦးအစုအဝေး ရှိကုန်သော ရဟန်း တို့သည် အနတ္တညဏ် ထက်သန်ပွင့်လင်းဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ဟောကြားတော်မူအပ်သော အနတ္တလက္ခဏသုတ်တော်ကြီးကို ရွှင်လန်းအားရ နှစ်သက်ကြလေကုန်သတည်း။ ဂါထာမဖက် စုဏ္ဏိယသက်သက်ဖြစ်သော ဤအနတ္တလက္ခဏသုတ်တော်ကြီးကိုဟောတော်မူအပ်သည်ရှိသော် ကောဏ္ဍည အမှူး ငါးဦးအစုအဝေးရှိကုန်သော ရဟန်းတို့အား ရုပ်နာမ်ခန္ဓာတို့၌ သာယာစွဲငြိခြင်းမရှိဘဲ စီးသွန်ကျလျှော အာသဝေါ(၂) တို့မှ စိတ်တို့သည် ကျွတ်လွတ်ကြလေကုန်သတည်း။


၁။ အနုပါဒါယ = အာရုံ၌မစွဲလမ်းမူ၍၊ တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍
Anupādāya - Not clinging; free from attachment to the world.

၂။ အာသဝေါ(အာသ၀နှင့်အတူတူ)ရှည်မြင့်စွာထုံအပ်သော မုဒရက်အမာမှယိုစီးသော သွေးပြည်ကဲ့သို့သော
သဘောတရား။
"လျှံစီးပို့လျက်၊ မြစ်သို့လဘော၊ အာသဝေါကား၊ ကျလျှောဖျားရေ"
- ပါရမီတော်ခဏ်းပျို့၊ သျှင်မဟာသီလ၀ံသ (၈၅၃ ခု)
"ထောင်သင်္ဃာတို့ လေးအာသဝေါ ရေ နယ် လျှော၍"
- နာရဒပျို့၊ မုံရွေးဆရာတော် (၁၁၈၃ ခု)
"ဆွမ်းရသမျှ၊ ဆောင်ပြီးမှလျှင်၊ အာသ၀ယိုဖိတ်၊ တပ်သောစိတ်ဖြင့်"
- ကုသပျို့၊ မုံရွေးဆရာတော် (၁၁၈၉ ခု)
"လွှမ်းဖုံးအာသ၀၊ ကြွင်းသမျှကို၊ ခယညဏ်မြတ်၊ စင်အောင်ဖြတ်လျက်"
- ဓမ္မရာသီပျို့၊ သျှင်ကုမာရကဿပ
(ဒဂုန်ဦးထွန်းမြင့်၊ ပါဠိသက်ဝေါဟာရအဘိဓာန်)
"လေးတန်သြဃ၊ အာသ၀နှင့်၊ ယောဂ ဂန္ထ၊ လေးဝဥပါဒါန်"
- အစိန္တေယျ ဘုရားရှိခိုး၊ ကျီးသဲလေးထပ်ဆရာတော်

18

This is what the Bhagavā had said and the group of five Bhikkhus were delighted and rejoiced at, what the Bhagavā had said.

Moreover, when this explanation had been spoken the minds of five Bhikkhus were freed from the Ăsava1 without clinging.

အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ

အနတ္တလက္ခဏသုတ်သည် ပြီး၏။

1. Ăsava =အာသ၀ယိုစီးခြင်း၊ အာသဝေါတရား

- Sensuality, lust for renewed life, delusion, that which flows, ideas which intoxicate the mind.

The four Ăsavas are:-

Kāmāsava - sensual pleasure

Bhavāsava - The love of existence, lust of life (rebirth)

Diththhāsava - heresy, speculation

Avijjāsava - ignorance

Freedom from the Ăsavas

constitutes Arahantship and the fight for the extinction of these Ăsavas forms one of the main duties of man.

Ăsavas is synonymous with Kilesa.