Sunday, March 25, 2007

7

(၇)
တံ ကိံ မညထ ဘိက္ခဝေ
ရူပံ နိစ္စံ ၀ါ အနိစ္စံ ၀ါ တိ
အနိစ္စံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါ တိ

ဒုက္ခံ ဘန္တေ
ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမဓမ္မံ
ကလ’ံ နု တံ သမနုပဿိတုံ "ဧတံ
မမ ဧသောဟမသ္မိ ဧသော မေ အတ္တာ" တိ
နော ဟေတံ ဘန္တေ

(၇)
ချစ်သားရဟန်းတို့ ထိုသို့ ငါဘုရားမေးတော်မူသော စကားကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။
ရုပ်တရားသည် မြဲသလော၊ မမြဲသလော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ရုပ်တရားသည် မမြဲပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည် မမြဲ၊ ထိုမမြဲသော ရုပ်တရားသည် ဆင်းရဲသလော၊ ချမ်းသာသလော။

ထိုမမြဲသော ရုပ်တရားသည် ဆင်းရဲရိုး အမှန်ပါဘုရား။
ချစ်သားရဟန်းတို့ အကြင်ရုပ်တရားသည် မမြဲ၊ ဆင်းရဲ၏၊ ဘောက်ပြန်ပြောင်းလဲတတ်သော သဘောရှိ၏။ ထိုမြဲလည်း မမြဲ၊ ဆင်းလည်းဆင်းရဲ၊ ဖောက်လွဲဖောက်ပြန် ဖြစ်နေသော ရုပ်တရားကို "ဤရုပ်တရားကား ငါပိုင်သော ဥစ္စာတည်း။ ဤရုပ်တရားကား ငါဖြစ်၍ နေ၏။ ဤရုပ်တရားကား ငါ၏အလိုသို့ လိုက်သော အတ္တတည်း" ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငှာ သင့်လျော်လျောက်ပတ်ပါမည်လော။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည် မသင့်ပါဘုရား။

(7)

What do you think of this Bhikkhus?

Is matter permanent or impermanent?

Impermanent, Bhante.

And, Bhikkhus, what is impermanent, is that suffering or happiness?

Suffering, Bhante.

Then, Bhikkhus, what is impermanent, suffering, corruptible by nature, is it fitting to regard it thus, “This is mine, this am I, this is the self for me?

Not fitting, Bhante.

No comments: