Friday, March 16, 2007

13

(၁၃)
ယာ ကာစိ ဝေဒနာ
အတီတာ နာဂတ ပစ္စုပ္ပန္နာ
အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ
သြဠာရိကာ ၀ါ သုခုမာ ၀ါ
ဟီနာ ၀ါ ပဏီတာ ၀ါ
ယာ ဒူရေ သန္တိကေ ၀ါ
သဗ္ဗာဝေဒနာ
"နေတံ မမ နေသောဟမသ္မိ
န မေသောအတ္တာ" တိ
ဧ၀မေတံ
ယထာဘူတံ
သမ္မပ္ပညာယ
ဒဋ္ဌဗ္ဗံ


(၁၃)
ချစ်သားရဟန်းတို့ လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္တံ့သောအနာဂတ်ကာလ၊ ယခုမျက်မှောက် ပစ္စုပ္ပန်ကာလ၌ ဖြစ်သော အကြင်အလုံးစုံသော ဝေဒနာတရားသည် လည်းကောင်း၊ မိမိအတွင်းသန္တာန်၌ ဖြစ်သော ဝေဒနာသည် လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော ဝေဒနာသည် လည်းကောင်း၊ ကြမ်းတမ်းသောဝေဒနာသည် လည်းကောင်း၊ သိမ်မွေ့သော ဝေဒနာသည်လည်းကောင်း၊ ယုတ်ညံ့သော ဝေဒနာသည် လည်းကောင်း၊ မြင့်မြတ်သော ဝေဒနာသည် လည်းကောင်း၊ အကြင်အဝေး၌ဖြစ်သော ဝေဒနာသည် လည်းကောင်း၊ အကြင်အနီး၌ဖြစ်သော ဝေဒနာသည် လည်းကောင်း ဝေဒနာများထွေ ရှိကြလေ၏။
ခပ်သိမ်းဥဿုံ အလုံးစုံသော ထိုဝေဒနာ ဟူသမျှသည် "ငါပိုင်ဥစ္စာမဟုတ်၊ ထိုဝေဒနာ အပေါင်းသည် ငါဖြစ်၍ နေသည်မဟုတ်၊ ထိုဝေဒနာအပေါင်းသည် ငါ၏အလိုသို့ လိုက်သော အတ္တမဟုတ်" ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ထို ခပ်သိမ်းဥဿုံ ဝေဒနာ ဟူသမျှ အလုံးစုံကို မဘောက်မပြန် ဟုတ်မှန်သောအတိုင်း ရုပ်ခဲ၊ နာမ်ခဲ ဖြိုခွဲ ဖောက်ထွင်း ၀ိပဿနာÓဏ်အလင်းဖြင့် ရှုဆင်ခြင်အပ်၏။

(13)

Therefore, Bhikkhus, whatever feeling there is, be it past,

future or present,

Inward or outward,

Gross or subtle,

Low or lofty,

Far or near,

Feeling of all kinds,

should be as regarded as they really are,

by right wisdom,

“This is not mine,

this I am not,

this is not the self for me.”

No comments: