Friday, March 16, 2007

17

(၁၇)
ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယ သာဝကော
ရူပသ္မိံပိ နိဗ္ဗိန္ဒတိ
ဝေဒနာယပိ နိဗ္ဗိန္ဒတိ
သညာ ယပိ နိဗ္ဗိန္ဒတိ
သင်္ခါရေ သုပိ နိဗ္ဗိန္ဒတိ
ဝိညာဏ သ္မိံပိ နိဗ္ဗိန္ဒတိ
နိဗ္ဗိန္ဒံ ၀ိရဇ္ဇတိ
ဝိရာဂါ (၁) ၀ိမု စ္စတိ
ဝိမုတ္တိသ္မိံ ၀ိမုတ္တမိတိ(၂)
ညဏံ ဟောတိ
ခီဏာ ဇာတိ
ဝုသိတံ ဗြဟ္မစရိယံ
ကဘံ ကရဏီယံ
နာပရံ ဣတတ္တာယာတိ ပဇာနာတိ

(၁၇)

ချစ်သားရဟန်းတို့ ဤသို့ ခန္ဓာငါးပါးတို့၌ မမြဲသော အနိစ္စသဘော၊ ဆင်းရဲသော ဒုက္ခသဘော၊ အစိုးမရသော အနတ္တသဘောကို ဟောခဲ့ပြီးသောအတိုင်း ပိုင်ပိုင်ထင်ထင် ရှုဆင်ခြင်သည်ရှိသော် ရုပ်နာမ်တရားတို့၌ များသော အကြားအမြင်ရှိသော ငါဘုရား၏ တပည့်မြတ်သည် ရုပ်တရားအစု၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်း လေ၏။ ခံစားမှု စံစားမှု ဝေဒနာအစု၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏။ မှတ်မှုသားမှု သညာအစု၌ လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏။ ပြုပြင်မှု သင်္ခါရအစုတို့၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ ပျင်းမုန်းလေ၏။ အာရုံသိမှု ၀ိညာဏအစု၌လည်း အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေ၏။ ခန္ဓာပဉ္စက၌ အနှစ်သာရမတွေ့ဘဲ ငြီးငွေ့ပျင်းမုန်းလေသည်ရှိသော် မတွယ်မတာ မသာယာဘဲ တဏှာပြတ်ကင်းလေ၏။
မတွယ်မတာ မသာယာဘဲ တဏှာပြတ်ကင်းမှုကြောင့် ကိလေသာ ၀ဋ် (၃) တွင်းမှ လွတ်ကင်း ထွက်မြောက်လေ၏။
ကိလေသာဝဋ်တွင်းမှ လွတ်ကင်းထွက်မြောက်လေသည်ရှိသော် ကျွတ်ပေပြီ လွတ်ပေပြီ ဟူ၍ ဟုတ်တိုင်းအမှန် သိသော ညဏ်သည် ဖြစ်ပေါ်လေ၏။
ဘ၀အသစ် အဖြစ်မစဲ အသစ်အသစ်လဲရမှုသည် အစတုံး၍ ကုန်ဆုံးခဲ့ရလေပြီ။
မြတ်သောအကျင့် ဟူသမျှကို ကျင့်သုံးခြင်းကိစ္စ ပြီးဆုံးခဲ့လေပြီ။
သစ္စာလေးသွယ်၌ ပြုဖွယ်ဟူသမျှ မဂ်ကိစ္စကို ကိစ္စတုံးအောင် လုံးလုံးကြီး ပြုအပ်လေပြီ။
ဤပစ္စုပ္ပန် ခန္ဓာအစဉ်မှ တစ်ပါးသောခန္ဓာအစဉ်သည် ကင်းပြတ်ကုန်ကြွေ မရှိချေ။
ဤသို့ ထွန်းလင်းထိန်တောက် အသိညဏ် ပေါ်ပေါက်လေ၏။

(17)

So seen, Bhikkhus, the well taught Noble Disciple,

is disgusted with matter,

disgusted with feeling,

disgusted with perception,

disgusted with mental formation,

disgusted with consciousness,

so being disgusted,

he is dispassionate.

Through dispassions, he is free.

When he is freed, he knows that it is freedom.

Further he knows that,

birth is ended.

The Holy Life has been lived.

What was to be done has been done.

Nothing further to be done for this Noble Path.


၁။ ရာဂ = ဆိုးရည်၊ တပ်စွန်းခြင်း၊ တပ်မက်မောခြင်း
Raga - Hue, dye, lust, attachment
ဝိရာဂ = ရာဂ၌ မတပ်သည်

Virāga -
Absence of desire or human passion, dispassionateness, Arahantship, often nearly synonymous with Nibbāna.

၂။ ၀ိမုတ္တမှီတိ (မူကွဲ)
၃။ ကိလေသ Kilesa - Impurity, stain, soil, lust, depravity, moral defilement, sin.
The ten Kilesas or evil passions are:- Loba, Dosa, Moha, Māna, Miccha Ditthi, Vicikiccha, Thinah, Uddhaccah, Ahirikah, Annottappah
(Greed, hate, delusion, conceit, wrong view, doubt, sloth, excitement, shamelessness, recklessness of blame.)

Kilesakāma -
Desire, attachment, lust, passion.
ကိလေသ၀ဋ္ဋ = ကိလေသ၀ဋ်

Kilesavattah - The realm of Kilesa (Kilesa being the cause of sinful actions is therefore primarily the cause of rebirth or continued existence.

No comments: